ဉာဏ်ရည်စိုးမိုး

ကျွန်တော့နာမည်ကတော့ ဉာဏ်ရည်စိုးမိုးဖြစ်ပါတယ်။ NCC- Business and IT batch (1) မှာတက်နေ ပါတယ်။ အသက်ကတော့ ၁၇ နှစ်ဖြစ်ပါတယ်။
မြန်မာကျောင်း ၈ တန်းပြီးကတည်းက VUC ကို Join လိုက်တယ်၊အဲဒီမှာ တက်နေရင်း ကျွန်တော် IT စိတ်ဝင်စားတာ သိလာတယ်။ Level 3 Diploma (၁၀)တန်းပြီးသွားတော့ ကိုယ်စိတ်ဝင်စားတာ တစ်ခုရွေး ဆိုတော့ အခြား Engineering တို့ Business တို့လည်းတက်လို့ရပေမယ့် ကျွန်တော်သိပ်စိတ်မဝင်စားဘူး။ အမှန်တကယ်စိတ်ဝင်စားတဲ့ IT ပိုင်းကို ဆက်တက်မယ်ဆိုပြန်တော့ အိမ်ကသိပ်ပြီး Recommend သိပ်မ လုပ်ဘူး တခြားကျောင်းတွေစုံစမ်းကြည့်တော့သိပ်အဆင်မပြေသလို အာမခံချက်လည်း သိပ်မရှိတာတွေ့ရ တော့ နောက်ဆုံး Strategy First မှာ Seminar လာတက်တော့ ဒီမှာအဆင်ပြေမယ်ဆိုပြီး သိသွားတယ်။ အိမ်ကလည်း IT ကြီးပဲသီးသန့်မယူစေချင်တော့ ဒီမှာ BIT က ကျွန်တော့အတွက် အတော်လေးဟန်ကျသွားလို့ တက်ဖြစ်တာပါ။ ဒီမှာတက်ရတာ ကျွန်တော်မျှော်မှန်းတာထက်တောင် ပိုပြီး ပြန်ရရှိတယ်တယ်လို့ပြောချင်ပါတယ်။