ခင်ဇာခြည်သွေး

ညီမနာမည်က ခင်ဇာခြည်သွေးပါ။ အခုတက်နေတာကတော့ BA (Hons) Business and Management Pathway Programme (First Year) အတန်းမှာတက်နေပါတယ်။ Strategy First မှာဘာလို့တက်ဖြစ်သွားလည်းဆိုတော့ညီမ စီးပွားရေးအကြောင်းကိုလေ့လာချင်တယ်၊ အဲဒီအတွက် စုံစမ်းတယ်၊ပြီးတော့ သူငယ်ချင်းတွေကလည်း recommend လုပ်တာကြောင့်ပါ။ ဒီမှာတက်တဲ့အခါမှာ မတက်ခင်ကမျှောမှန်းထားတာနဲ့တစ်ပုံစံထဲ ပဲကောင်းတာကိုတွေ့ရတယ်။ဆရာမတွေဆရာတွေစာသင်ပေးတာကိုလည်းအရမ်းသဘောကျပါတယ်။အတန်းထဲမှာလည်း နွေးနွေးထွေးထွေးရှိတယ်၊အဲဒါကိုလည်းသဘောကျပါတယ်။ဒီအတန်းပြီးသွားရင်လည်းဆက်တက်ဖို့ရှိပါတယ်။ညီမရည်မှန်းချက်ကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ပြီးထိုးဖောက်ချင်တာပါ။ လူငယ်တွေအတွက်သင်ယူမှုကအရမ်းအရေးကြီးပါတယ်။ လူငယ်အနေနဲ့အကြာကြီးလည်းဖြစ်နေမှာမဟုတ်ပါဘူး၊အဲဒီအတွက်ရတဲ့အချိန်မှာ ရသလောက် သင်ယူမှုတွေပြုလုပ်ထားပြီးသင်တန်းတွေတက်တာမျိုးတွေကို ရသလောက်လုပ်ထားသင့်ပါတယ်။