Level 5 HND Higher National Diploma in Business သည် UK တက္ကသိုလ်ပညာရေး၏တက္ကသိုလ်
ဒုတိယနှစ်နှင့် ညီမျှသည်။
Level 5 HND Higher National Diplomain Business တွင် Level 4 HNC Higher National
Certificate ကိုအခြေခံပြီး ကျောင်းသား၊ ကျောင်းသူများကို
ပိုမိုနက်နဲသောစီးပွားရေးဘာသာရပ်များကို အသေးစိတ်ကို သင်ကြားပေးမည်ဖြစ်သည်။
စုစုပေါင်းသင်ယူချိန် – ၁၂ဝဝ နာရီ
သင်ကြားပေးမည့်နာရီပေါင်း – ၃၆ဝ နာရီ
ကျောင်းသား၊ ကျောင်းသူများသည် အောက်ပါတွင်ဖော်ပြပေးသောဘာသာရပ်အားလုံးကို အောင်မြင်စွာ
ဖြေဆိုပြီးမှ HND Level 5 Higher National Diploma in Businessကိုရမည်ဖြစ်သည်။
This qualification is regulated by Ofqual and listed on the Qualifications and Credit Framework – Qualification Number 601/8365/2. For further information see- http://register.ofqual.gov.uk search?category:qualification & query:601/2f8634/2F0
HND Programme Fees (Online) – 4,675,000 MMK
HND Programme Fees (On Campus) – 5,875,000 MMK
Old Students Discount
1 Distinction - 200,000 MMK, 1 Merit - 100,000 MMK
(Base on Attendance and Exam Performance of the 1st Year)
Additional Payment
Oversea Excursion Trip
Notes
UK ဘက်မှ Programme အလိုက်တက်ရောက်ရန် သတ်မှတ်ထားသော နှစ်များရှိပါသဖြင့် သတ်မှတ်ကာလကျော်ပြီး ဘာသာရပ်အားလုံးမအောင်မြင်ပါက Syllabus အသစ်များ ပြောင်းလဲတက်ရောက်ရခြင်းများ ရှိပါသည်။
ထိုသို့ပြောင်းလဲ တက်ရောက်ရာတွင် UK ဘက်သို့ Syllabus ပြောင်းလဲသည့်အတွက် Registration အစမှပြန်လည်ပြုလုပ်ရန် လိုအပ်ပါသဖြင့် Fees များပြန်လည်ပေးသွင်းပြီးတက်ရောက်ရမည်ဖြစ်သည်။
Level 5 Higher National Diploma in Business
1. သုတေသန ဘာသာရပ်မှာဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ ပြဿနာရပ်တွေကို မည်ကဲ့သို့ရှာဖွေပြီး မည်ကဲ့သို့အဖြေထုတ်လို့ရတယ် ဆိုတဲ့ နည်းလမ်းမျိုး (research problem and research methodology) လေ့လာခြင်း
2. သုတေသနရလဒ်တစ်ခုကို အဖြေထုတ်တဲ့နေရာမှာ ယခင်သုတေသနပညာရှင်တွေ မည်သို့သောသုတေသနပြုလုပ်အမျိုးမျိုးနှင့် ၎င်းတို့၏ လေ့လာတွေရှိချက်တွေကို သုံးသပ်ပြတဲ့ Literature viewရေးသားနည်းများလေ့လာခြင်းအပါအဝင်သုတေသနအဆိုပြုတင်သွင်းလွှာ (research proposal) ရေးသားပုံစံ လေ့လာခြင်း
3. ရရှိလာတဲ့ အချက်အလက်တွေကို စာရင်းအင်းပညာနည်းလမ်းအမျိုးမျိုးဖြင့် (data analysis and interpretation) တွက်ချက် ကောက်နုတ် သုံးသပ်ပြ၍ လေ့လာတွေ့ရှိချက်များကို သက်ဆိုင်ရာ stakeholders များဆီသို့ တင်ပြပုံများအားလေ့လာခြင်း4. သုတေသနပြုလုပ်တဲ့အခါ တွေ့ရှိရသော အခက်အခဲများ အတွေ့အကြုံများ ရရှိလိုက်သော အကျိုးရလဒ်များကို ပြန်လည်သုံးသပ်တင်ထားသည့် self-reflection report ရေးသားနည်း ကို လေ့လာခြင်း
1. အဖွဲ့အစည်းလုပ်ငန်းတစ်ခုမှာ culture, power နှင့် politics တို့ရဲ့ လွှမ်းမိုးမှုများ
2. အဖွဲ့စည်းတစ်ခုအောင်မြင်ဖို့ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီကို တွန်းအားပေးမှုအရေးပါပုံ
3. အဖွဲ့အစည်းတစ်ခုမှာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလုပ်ဆောင်ခြင်း မူဝါဒကို လေ့လာဆန်းစစ်မှုများ
4. စီးပွားရေးလုပ်ငန်းမှာ လိုအပ်တဲ့ သီအိုရီများကို လက်တွေ့အသုံးချမှုများ
1. SMEs လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းလေးတွေ တိုးတက်အောင်မြင်စေမဲ့ အခွင့်အလမ်းက ဘာတွေလဲဆိုတာ ပါဝင်ပါတယ်။ ကိုယ့်လုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့ ကိုယ်ဆီမှာ ယှဉ်ပြိုင်မှု အားသာချက်က ဘာတွေရသလဲ၊ ပြိုင်ဖက်တွေထက် သာအောင် ကိုယ်က ဘယ်လို မဟာဗျူဟာကို သုံးပြီးလုပ်နေသလဲ(ကုန်ကျစရိတ်အသက်သာဆုံး နဲ့ လုပ်နေသလား၊သူများထက်ထူးခြားအောင် လုပ်ဆောင်နေသလား)၊ကိုယ့်လုပ်ငန်း ရေရှည်တိုးတက်စေဖို့ကိုယ်က အခြား ဘယ်လုပ်ငန်းတွေနဲ့ တစ်ဖွဲ့တည်း ပူးပေါင်းဆောင်ရွက်နေသလဲဆိုတာကိုလေ့လာရတဲ့အပြင် ကိုယ်လုပ်ငန်းရဲ့တိုးတက်မှုအပေါ် သက်ရောက်လာစေမဲ့ပြင်ပ ပတ်ဝန်းကျင်ကရိုက်ခတ်လာမဲ့ အချက်တွေရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို လေ့လာသုံး သပ်ပေးရတယ်။အဲ့ဒါ အပြင် ကိုယ်လုပ်ငန်းတိုးတက်စေမဲ့ (Ansoff’s growth vectors) strategies ကို ဘယ်လိုအသုံးချနေသလဲ။ဘယ်နည်းလမ်းကို သုံးပြီး ကိုယ်လုပ်ငန်း တိုးတက်အောင် ဘာလုပ်နေသလဲ၊ဒီနည်းတွေကို သုံးတဲ့အချိန် ဘယ်လို risk (အခက်အခဲ)တွေရသလဲ၊ဒီအခက်အခဲကိုဘယ်လို ဖြေရှင်းရမလဲဆိုတာကိုဖော်ပြပေးရပါတယ်။
2. လုပ်ငန်းတစ်ခုကို လုပ်ဆောင်တဲ့အချိန် လိုအပ်တဲ့ငွေကြေးကို လိုအပ်တဲ့အချိန် ရအောင်လုပ်ဖို့လည်း အရေးကြီးပါတယ်။ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကို ဘယ်နေရာကနေ ယူလို့ရနိုင်မလဲ ဆိုတဲ့ sources of finance နဲ့နည်းလမ်းတစ်ခုချင်းစီရဲ့ ကောင်းကျိုး၊ဆိုးကျိုး ကိုဖော်ပြပေးရပါတယ်။ကိုယ်လုပ်ငန်းအတွက် ဘယ်လိုအစီအစဉ်ကို လုပ်ဆောင်မည်ဆိုရင် ငွေဘယ်လောက်လိုအပ်မလဲ၊လိုအပ်တဲ့ငွေကို ဘယ်ကနေယူရမလဲ၊ ဒီငွေရတဲ့နည်းလမ်းကကိုယ်လုပ်ငန်းတိုးတက်ဖို့ဘယ်လိုအကျိုးကျေးဇူးရစေသလဲ၊ အားနည်း ချက်တွေ ရရင် ဘယ်လိုကျော်လွှားရမလဲ ဆိုတဲ့အကြောင်းအရာတွေကို သိရှိရစေပါတယ်။
3. လုပ်ငန်းတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ business plan ရဲ့ အရေးပါမှုကို သိရစေတယ်။ business plan ကို ဘယ်လိုရေးဆွဲမလဲဆိုတဲ့ အသေးစိတ်နည်းလမ်းတွေ ပါဝင်ပါတယ်။ ကိုယ်လုပ်ငန်းရဲ့ ရည်မှန်းချက် ပန်းတိုင်ကို သတ်မှတ်ခြင်းကစပြီး လုပ်ငန်းရဲ့ Micro environment, Macro Environmentကို သုံးသပ်လေ့လာခြင်း၊ကိုယ်လုပ်ငန်းရဲ့ marketing ပိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်ပါဝင်ရမယ်အချက်အလက်များ၊လုပ်ငန်းရဲ့ Operation plan (လုပ်ငန်းရဲ့လည်ပတ်လုပ်ကိုင်မှုနဲ့ ပတ်သက်တဲ့ အစီအစဉ်), HR plan(ဝန်ထမ်းရေးရာနဲ့ပတ်သက်တဲ့ အစီစဉ်), Financial projection (လုပ်ငန်းနဲ့ပတ်သက်ပြီး သုံးနှစ်စာငွေကြေးရှင်းတမ်းများ ပြင်ဆင်ရေးဆွဲခြင်း ), Risk management (ကိုယ့်လုပ်ငန်း နဲ့ ပတ်သက်ပြီး ရလာနိုင်တဲ့ အခက်အခဲများနဲ့ ရင်ဆိုင်ကျော်လွှားမယ့်အစီအစဉ်)စတဲ့ အသေးစိတ်အချက်အလက်များအပြင် ထိုအပိုင်းတစ်ပိုင်း စီတွင် ကိုယ်လုပ်ဆောင်ချက်က ဘယ်လောက်ထိထိရောက်ရောက် လုပ်ဆောင်နေတယ်ဆိုတာ ဖော်ပြပေးနိုင်တဲ့ KPI တွေကိုလည်း တွက်ချက်ဖော်ပြပေးရပါတယ်။ဒီတွက်ချက်မှုကို အခြေခံပြီးကိုယ်ရဲ့ အတွေးအမြင်ကို ပေါင်းစပ်ပြီး ကောက်ချက်ချခြင်းနဲ့ ကိုယ်လုပ်ငန်း ရှေ့ဆက်တိုးတက်စေဖို့ အကြံပြုပေးခြင်းတွေ ပါဝင်ပါတယ်။
4. လုပ်ငန်းတစ်ခုကို ဝင်ရောက်လုပ်ဆောင်ပြီးရင် ဒီလုပ်ငန်းကနေ ဘယ်လို ထွက်လို့ရသလဲ ဆိုတဲ့ exit options တွေကို ပါဝင်ပါတယ်။ဒီအပိုင်းမှာ လုပ်ငန်းမှထွက်လိုရနိုင်တဲ့ နည်းလမ်းများနဲ့ နည်းတစ်ခုစီရဲ့ အားသာချက်၊အားနည်းချက်ကို ဖော်ပြပေးထားပါတယ်။ ဒါအပြင် ကိုယ်လုပ်ငန်း ကနေ ထွက်ခွာမယ်ဆိုရင် လုပ်ရမဲ့အစီအစဉ် အသေးစိတ်တွေလည်းပါဝင်ပါတယ်။
1. အဖွဲ့အစည်းများအတွက် သင့်တော်သော Organisation Design များ
2. အဖွဲ့ အစည်းများ ရေရှည်တည်တံ့အောင် လုပ်ရမည့်စွမ်းရည်များ
3. Agile Organisations အခြေအနေအချိန်အခါအလိုက်သင့်တော်စွာ ပြောင်းလဲလုပ်ဆောင်နိုင်သော အဖွဲ့အစည်းများအကြောင်း
4. Human Capital Theory အဖွဲ့အစည်းတိုးတက်ရန်အတွက် လုပ်သားစွမ်းဆောင်ရည် တိုးတက်အောင် ရင်းနှီးမြှပ်နှံသင့်သော အကြောင်းအရင်းများ
5. Knowledge Management အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများ၏ အသိပညာတိုးတက်အောင် ပံ့ပိုးပေးရန်
6. အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများ Motivation ဖြစ်ရန်အတွက် လုပ်ဆောင်သင့်သော နည်းလမ်းများ
7. ယနေ့ ခေတ်တွင် HR အတွက်စိန်ခေါ်မှုများ
8. ပြောင်းလဲနေသော ပတ်ဝန်းကျင်ကြောင့် အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲခြင်းဆိုင်ရာ နည်းလမ်းများ
1. အဖွဲ့အစည်းလုပ်ငန်းတစ်ခုအတွင်းမှာ operation management ၏ အခန်းကဏ္ဍများ
2. Operation management ၏ သဘောသဘာဝနှင့် လုပ်ငန်းရေရှည်တည်တံ့အောင်မြင်မှုအတွက် ၎င်း၏ အရေးပါမှုများ
3. ကုန်ပစ္စည်းထောက်ပံ့ ပို့ဆောင်စီမံမှုများ
4. Operation Management ၏ နည်းစနစ်များ နှင့် ဆန်းစစ်အကဲဖြတ်သည့် မူဘောင်များ
5. လုပ်ငန်း၏ Operation ပိုင်းတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲ ပြဿနာများကို လေ့လာဆန်းစစ်မှုများ
6. Operation မန်နေဂျာတစ်ဦးတွင် ရှိရမည့် ကျွမ်းကျင်မှု နှင့် အရည်အချင်းများ
1. Management Accounting ၏ သဘောသဘာဝ၊ရင်းအမြစ်နှင့် ရည်ရွယ်ချက်များ
2. အကောင်းဆုံး အရင်းအမြစ်ခွဲဝေမှုနှင့် ဆုံးဖြတ်ချက်ချခြင်းတို့ကို သိရှိရန် Management Accounting Techniques များကို အကဲဖြတ်လေ့လာခြင်း
3. စာရင်းကွဲပြားမှုများကို ထိန်းချုပ်ရန်နှင့် မှန်ကန်စေရန်အတွက် Actual Cost Standard Costs များကို ပိုင်းခြားစိတ်ဖြာခြင်း
4. Management Accounting Functions များကို အသုံးပြု၍ လုပ်ငန်းတစ်ခု၏ စွမ်းဆောင်ရည်အား တိုင်းတာခြင်းနှင့် စောင့်ကြည့်ခြင်း
1. Brand တစ်ခုရေရှည်တည်တံ့မှုအတွက် လိုအပ်သော အခြေခံနားလည်မှုများ
2. အဖွဲ့အစည်းအနေဖြင့် ရေရှည်ရင်းနှီးမြှပ်နှံမှု အပေါ်အဆင့်ဆင့် သိရှိနားလည်ထားရမည့် အချက်များ
3. Brand တစ်ခုကို ပြည်တွင်းသာမက ပြည်ပအထိ တိုးချဲ့ လုပ်ဆောင်ရမည့် အချက်များ
4. Brand တစ်ခုရေရှည်တည်တံ့ဖို့ရန်အတွက် လုပ်ဆောင်တိုင်းတာရမည့် နည်းလမ်းများ