NCC Level 4 Diploma in Computing သည် UK တက္ကသိုလ်ဘွဲ့၏ပထမနှစ်ဖြင့် ညီမျှသောသင်တန်းဖြစ်သည်။

Information Technology နှင့် ပတ်သက်သော ဘာသာရပ်များအပြင် စီးပွားရေးလုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သော ပညာရပ်များကို သင်ယူ ရမည်ဖြစ်သည်။

ကျောင်းသူ/သားများသည် စီးပွားရေးနှင့် IT လုပ်ငန်းခွင်များတွင် လိုအပ်သည့် ကွန်ပျူတာစနစ်များ၊ ကွန်ရက်များ၊ Database များနှင့် စီးပွားရေး သတင်းအချက်အလက်များကို လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

သက်ဆိုင်ရာ ဘာသာရပ် (၈) ခုကို ဖြေဆိုအောင်မြင်ရမည်။ ဘာသာရပ်အားလုံးဖြေဆိုအောင်မြင်မှသာ NCC မှချီးမြှင့်မည့် Level 4 Diploma in Computing ကို ရရှိမည်ဖြစ်သည်။


Candidates must pass all eight units to be awarded with the
Level 4 Diploma in Computing certificate from NCC Education.

Software Development Techniques
Computer Systems
Computer Networks
Office Solutions Development
Databases
Designing and Developing a Website
Designing and Developing Object-Oriented Computer Programmes
Skills for Computing

Programme Fees (In-person) – 5,575,000 MMK

Scholarship Discount
3 Distinctions and Above - 10% Discount
Eng 60+ - 100,000 MMK
Eng Distinction - 200,000 MMK

Additional Payment

  • Exam Fees - 1,700,000 ~ 1,900,000 MMK (exclude resit and transfer fees)

    ****Registration Fees နှင့် Exam Fees များသည် Intake အလိုက် Exchange rate ပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။

  • Uniform Fees & Trip Fees

    • တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာအမှတ် ၆၀ နှင့် အထက်ရရှိသူများ (သို့မဟုတ်) IGCSE "First Language English" Grade Awarded A အထက်ရရှိသူများ (သို့မဟုတ်) IELTS Overall Band 5.0 နှင့် အထက်ရရှိသူများသည် Strategy First University မှ ဖွင့်လှစ်ထားသော English စာ အတန်းများ မဖြစ်မနေ တက်ရောက်ရန်မလိုပါ။
    • တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာအမှတ် ၆၀ နှင့် အထက် (သို့မဟုတ်) IGCSE "First Language English" Grade Awarded A နှင့် အထက် (သို့မဟုတ်) IELTS Overall Band 5.0 နှင့် အထက်ရရှိထားခြင်း မရှိပါက အတန်းများတက်ရောက်သည့်အခါနှင့် Assignmentများရေးသည့်အခါတွင် အထောက်အကူဖြစ်စေရန် Strategy First University မှ Level အလိုက် ဖွင့်လှစ်ပေးထားသော English စာ အတန်းများကို မဖြစ်မနေတက်ရောက်ပေးရန် လိုအပ်ပါသည်။
    • IELTS Overall Band 5.0 နှင့်ညီမျှသည့် အခြားသော English Level Test များ ဖြေဆိုအောင်မြင်ထားခြင်း၊ အောက်တွင်ဖော်ပြထားသော English Test Level များရရှိထားပါက English စာအတန်းများထပ်မံယူရန် မလိုအပ်ပါ။
      • TOFEL – 35-45
      • Cambridge English Score – 154
      • PTE-A Overall – 40.8
      • Wall Street English – Level 18 - 20

L4DC တွင် သင်ကြားရသောဘာသာရပ်များ

ဤဘာသာရပ်တွင် Software ရေးသားရာမှာ ကြုံတွေ့တတ်သော ပြဿနာများဖြေရှင်းနည်းကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ Software ရေးသားရာတွင် ကြိုက်နှစ်သက်ရာပရိုဂရမ်ဘာသာစကားဖြင့် ရေးသားနိုင်ပြီး လိုက်နာရမည့် သတ်မှတ်ချက်များ၊ ဒေတာဖွဲ့စည်းပုံ၊ လုပ်နည်းစနစ်များနှင့်ပတ်သက်၍သင်ကြားပေးမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်တွင် ထိုကျွမ်းကျင်မှုများကို ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။

ဒီဘာသာရပ်သည် ကွန်ပြူတာစနစ်ဖွဲ့စည်းပုံများ၊ Hardware နှင့် Software ကြားဆက်သွယ်ချက်များ၊ ကွန်ပျူတာ Applications များ၊ Database များ၊ Network ချိတ်ဆက်ခြင်းအပါအဝင် အိုင်တီအကြောင်းအရာအမျိုးမျိုးအတွက် အခြေခံမိတ်ဆက်ပေးမယ့် ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ ခေတ်မီကွန်ပြူတာစနစ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံများ၊ ဖန်တီးမှု့များ၊ ပြုပြင်ထိန်းသိမ်းမှု့များ၊ ချို့ယွင်းချက်ရှာဖွေခြင်းနှင့် ပြဿနာဖြေရှင်းခြင်းများကို စာတွေ့ရော လက်တွေ့ရော အသုံးချနိုင်တဲ့ အကျိုးကျေးဇူးရရှိပါမည်။ ကျောင်းသားများသည် ကွန်ပျူတာဒိုမိန်းအတွင်းသာမက မရှိမဖြစ်လိုအပ်သော တွေးခေါ်မှုနှင့် ဖြစ်နိုင်ခြေအကဲဖြတ်မှု့ လုပ်ဆောင်နိုင်စွမ်း လေ့လာမှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ Medium-Sized Enterprise (SME) များရဲ့ IT Infrastructure များကို လေ့လာသုံးသတ်ပြီး၊ လိုအပ်ချက်များကို ပဏမတင်ပြမယ့် Feasibility Report များရေးသားနိုင်မှာဖြစ်ပါတယ်။ ဒီဘာသာရပ်ကိုလေ့လာပြီးတဲ့အခါ System Analysis အဖြစ်အသက်မွေးဝမ်းကြောင်းမှုလမ်းစကို အစပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီဘာသာရပ်မှာတော့ ယနေ့ တစ်ကမ္ဘာလုံးမှာ ချိတ်ဆက်နေတဲ့ Computer Network အကြောင်းအရာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံသီအိုရီတွေနဲ့ Networking နဲ့ ပတ်သက်တဲ့ လက်တွေ့အသုံးဝင်တဲ့ အကြောင်းအရာတွေကို သင်ကြားရမှာ ဖြစ်ပါတယ်။

ဒီဘာသာရပ်မှာ အသုံးများတဲ့ App ဖြစ်တဲ့ Office Application မှာ လက်တွေ့ကျကျ ကျွမ်းကျင်စွာ အသုံးပြုတတ်ရန် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ထိုကျွမ်းကျင်မှုဖြင့် လုပ်ငန်းခွင်တွင် အချိန်ကုန်သက်သာစေရန်နှင့် အလုပ်ဝန်လျှော့ချရန် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီဘာသာရပ်မှာ အသုံးများတဲ့ App ဖြစ်တဲ့ Office Application မှာ လက်တွေ့ကျကျ ကျွမ်းကျင်စွာ အသုံးပြုတတ်ရန် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ထိုကျွမ်းကျင်မှုဖြင့် လုပ်ငန်းခွင်တွင် အချိန်ကုန်သက်သာစေရန်နှင့် အလုပ်ဝန်လျှော့ချရန် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီ Module မှာတော့ Website တစ်ခုရဲ့ Design ကိုရေးဆွဲရာမှာ လိုအပ်တဲ့ Practical Skills တွေနဲ့ပတ်သက်ပြီး သင်ကြားရမှာဖြစ်ပါတယ်။ Web Design ရေးဆွဲရာမှာလိုအပ်တဲ့ Markup Language တွေဖြစ်တဲ့ HTML, CSS အစရှိတဲ့ Language တွေအပြင် Design Techniques တွေနဲ့ Web Design ရေးဆွဲပြီးတဲ့အခါ Testing ပြုလုပ်ခြင်းနဲ့ပတ်သက်တာတွေကိုပါလေ့လာရမှာဖြစ်ပါတယ်။ ဒီဘာသာရပ်ကို လေ့လာပြီးတဲ့အခါ Junior Web Designer အဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပရိုဂရမ်ရေးဆွဲရာတွင် သိကိုသိရမယ့်အခြေခံများကို ပြည့်ပြည့်စုံစုံ သင်ယူရမှာဖြစ်ပါတယ်။ ပရိုဂရမ်ဖန်တီးရေးသားရာတွင်အသုံးပြုရမည့် ပညာများကို C# ပရိုဂရမ်ဘာသာစကားအား အသုံးပြုပြီး အသေးစိပ်သင်ကြားရမှာဖြစ်ပါတယ်။ ဒီဘာသာကို လေ့လာပြီးရင်တော့ Programmer အဖြစ်နဲ့ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်မှာဖြစ်ပါတယ်။

ထိုဘာသာရပ်သည် ကျောင်းသားကျောင်းသူများအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုများဖြစ်သည့် ဘာသာရပ်များကို မိမိကိုယ်တိုင် လေ့လာသင်ယူမှုပုံစံများ၊ အချက်အလက်များကို ရေးသားတင်ပြခြင်း နှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဖန်တီးမှုပါသောတွေးတောဆင်ခြင် သုံးသပ်မှု ပုံစံများကို သိရှိနားလည်စေရန် အထောက်အကူပြုပါသည်။ ကျောင်းသားကျောင်းသူများအတွက် ဘာသာရပ်များလေ့လာသင်ယူရာတွင် ထူးချွန်သောရလာဒ်ကောင်းများရရှိစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင်လည်း ထိုကျွမ်းကျင်မှုများအား ပြန်လည်အသုံးချနိုင်ရန် အထောက်အကူပေးပါသည်။