ရဲဖြိုးသူ

ကျွန်တော့နာမည်ကတော့ ရဲဖြိုးသူပါ။ BIT Batch 3 မှာတက်ရောက်နေပါတယ်။ ဒီမတိုင်ခင် ဆယ်တန်းအောင်မြင်ခဲ့တဲ့ကျောင်းကတော့ အ.ထ.က (၂) ဗဟန်း ဖြစ်ပါတယ်။ ဆယ်တန်းပြီးတော့ Strategy First အပါအဝင်အခြားကျောင်းတွေ လိုက်ပြီးစုံစမ်းတယ် သူငယ်ချင်းတွေကိုလည်း မေးတယ်။ ဒီ Strategy First မှာတက်နေတဲ့သူငယ်ချင်းတွေကလည်း ပြောပြတယ် ကျောင်းကိုလည်း လူကိုယ်တိုင်လာစုံစမ်းတယ်။ အဲလိုနဲ့ Strategy First ကို သဘောကျတာနဲ့ ဒီမှာတက်ဖြစ်သွားပါတယ်။ အစက မိဘတွေက Business Management (BM) နဲ့ Business Information Technology (BIT) နှစ်ခုကို ရွေးခိုင်းတယ်။ BIT ဆိုတော့ IT လည်းပါတယ် Business လည်းပါတယ် အဲတော့ BIT ကိုစိတ်ဝင်စားပြီး ရွေးဖြစ်သွားပါတယ်။ Strategy First မှာတက်ရတာ အဆင်ပြေပါတယ် ဘာလို့လဲဆိုတော့ အခြားကျောင်းတွေထက်စာရင် စည်းကမ်းပိုင်းကပိုကောင်းတယ်။ ပြီးတော့ သွားရလာရတာလည်း အဆင်ပြေတယ်။ ဘဝရည်မှန်းချက်က အစကတော့ ပိုင်းလော့ ဖြစ်ချင်တာ နောက်ပိုင်းကျတော့ IT ပိုင်းကိုစိတ်ဝင်စားလာပြီး အခု ရည်မှန်းတာက Software Engineer ဖြစ်ဖို့ပါ။ ကျောင်းရဲ့ Activities တွေမှာလည်း ပါဝင်ဖြစ်ပါတယ် အခု SFU Football Club မှာအသင်းဝင်တစ်ယောက်အနေနဲ့ ဝင်ရောက်ပါဝင်ကစားနေပါတယ်။ ဒုတိယနှစ်ပြီးသွားရင်လည်း Strategy First မှာပဲ နောက်ဆုံးနှစ်ထိဆက်တက်ဖြစ်သွားပါမယ်။