လင်းထက်အောင်

ကျွန်တော့နာမည်ကတော့ လင်းထက်အောင်ပါ။ အခုလက်ရှိ Strategy First မှာ UK, Oxford Brookes University ကပေးမယ့် BA (Hons) Business and Management Pathway Programme (First Year) Batch 12 မှာ တက်နေပါတယ်။ ကျွန်တော် IGCSE ကို ၂၀၁၆ မှာ ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ အရင်က နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် အခုတော့ ဒီမှာပဲ Bachelor’s Degree ကို တက်ဖို့ဆုံးဖြတ်ပြီးတော့ Master’s မှပဲ နိုင်ငံခြားမှာ သွားတက်ဖို့စဉ်းစားထားပါတယ်။ Strategy First မှာတက်ရတာ စိတ်ကျေနပ်မှုရပါတယ်။ ပြီးတော့ တကယ့် University Experience ကိုလည်း ရတဲ့အတွက်ကြိုက်ပါတယ်။