Oxford Brookes တက္ကသိုလ်သည် နှစ်ပေါင်း ၁၅ဝ ကျော်သက်တမ်းရှိ ဝါရင့်တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး QS World’s Ranking 2019 အရ Business and Management ဘာသာရပ်သင်ကြားမှုပိုင်းမှာ ကမ္ဘာ့အဆင့် ၅၁ မှ ၁ဝဝ အတွင်း ရရှိထားပါသည်။ Oxford Brookes တွင် ကျောင်းသားပေါင်း ၁၈ဝဝဝ ကျော် တက်ရောက်လျှက်ရှိပါသည်။ နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် Oxford Brookes မှ ကျောင်းသားဟောင်း တစ်သိန်းသုံးသောင်းကျော် ရှိပါသည်။ကျောင်းသားများ၏ တက္ကသိုလ်အတွေ့အကြုံကောင်းမွန်စွာပေးနိုင်သော တက္ကသိုလ်တစ်ခုအဖြစ်လည်း နာမည်ကြီးပါသည်။