ဧရာမျိုးသန့်

ကျွန်တော့နာမည်ကတော့ ဧရာမျိုးသန့်ပါ။ အခု Strategy First မှာ HND Civil Engineering (First Year)Batch 2မှာတက်နေပါတယ်။ ဒီနှစ်မှကျွန်တော် ၁၀ တန်းအောင်တာပါ။ HND Civil Engineering တက်ရင်းနဲ့ အဝေးသင်ဆက်တက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ Strategy First မှာ တက်ဖြစ်သွားတာကတော့ Strategy First က Business အတန်းတွေမှာ ကောင်းတယ်ဆိုပြီး နာမည်ကြီးနေတာရယ် သူငယ်ချင်းတွေလည်း ဒီမှာတက်နေတာရယ်ကြောင့်ပါ။ ပြီးတော့ ကျွန်တော်က ၁၀ တန်းမှာ ၄ဘာသာ ဂုဏ်ထူးရခဲ့တဲ့အတွက် ဒီကနေ HND Civil Engineering တက်တဲ့အခါမှာ Scholarship အနေနဲ့ သင်တန်းကြေးကင်းလွတ်ခွင့်တွေလည်းရတော့မိဘတွေအတွက်လည်းတော်တော်လေးအဆင်ပြေပါတယ်။