ဆုဝင်းပြည့်

ညီမနာမည်ကတော့ ဆုဝင်းပြည့်ပါ။ ရန်ကုန်မှာပဲနေတာပါ။ အသက်က ၁၇ နှစ်ပါ။ ၁၀ တန်းကတော့ အ.ထ.က (၆) အလုံမှာတက်ခဲ့ပါတယ်။ လက်ရှိ Strategy First University မှာ ဖွင့် လှစ်သင်ကြားပေးနေတဲ့ SQA Advanced Diploma in Civil Engineering Batch-1 မှာတက်ရောက်နေတာဖြစ်ပါတယ်။ ကိုယ် တိုင် က ဒီ Civil Engineering ဘာသာရပ်ကို အတော်လေးစိတ်ဝင်စားတဲ့အတွက် အခုလိုတက်ရောက်ဖြစ်တာ ပါ။ Strategy First မှာ Civil Engineering ကိုတက်မယ်လုပ်တော့ မိဘတွေနဲ့တော့ နည်းနည်းတိုင်ပင်လိုက် ရသေး တယ်၊ အဓိက Batch-1 ဆိုတော့ မိဘတွေကအဆင်ပြေပါမလားဆိုပြီး အစပိုင်းမှာစိုးရိမ်ကြပေမယ့် တကယ် တက်ဖြစ်ချိန်မှာတော့ ကျောင်းစည်းကမ်းပိုင်းမှာ ကျောင်းသားတွေကို ဂရုစိုက်တာတစ်ချက်၊ Service ပိုင်းက လည်းပြောစရာမလိုတဲ့အပြင် နဂိုစထားတဲ့ Business and Management Program ကလည်း အရမ်းကောင်းတာနဲ့ တက်ဖြစ်သွားတာပါ။
နောက်ညီမ ကြိုက်တာက ၁၀တန်းအောင်တုန်းကလည်း ဂုဏ်ထူးရတာလေးတွေလည်းရှိတော့ အဲအတွက် လည်း Scholarship လည်းပေးထားတယ်ဆိုတော့ ကြိုးစားမယ်ဆိုရင် ကိုယ့်အတွက်လည်း အခွင့်အရေးတွေရှိ သလို ကျောင်းစရိတ်ထောက်ကတဲ့ မိဘတွေအတွက်လည်း အများကြီးအထောက်ကူပြုပါတယ်။ ကိုယ်လည်း တက်နေတာဆိုတော့ အတွေ့အကြုံလေးဝေမျှရရင်တော့ ဆရာတွေကောင်းသလောက်လည်း ကျောင်းဘက်က ကျောင်းသားတွေ လိုအပ်တာတွေကို ပြည့်ပြည့်စုံစုံလေး ကြိုးစားဖြည့်ဆည်းပေးတယ်၊ သင်ကြားမှုအထောက် ကူပြု Library တို့ Canteen တို့၊ လေ့လာရေးခရီးတွေလည်းရှိတော့ အဆင်ပြေပါတယ်။ ရည်မှန်းချက်အနေနဲ့ ဆိုရင် ထူးချွန်တဲ့ Civil Engineer တစ်ယောက်ဖြစ်ဖို့ပါပဲ။