စိုင်းရွက်ခေး

ကျွန်တာ်နာမည်ကတော့ စိုင်းရွက်ခေးပါ။ တောင်ကြီးဇာတိဖြစ်ပါတယ်။ အသက်ကတော့ ၁၈ နှစ်ပါ။ Strategy First University နဲ့ Oxford Brookes University, UK တို့ ပူးပေါင်းဖွင့်လှစ် သင်ကြားပေးနေတဲ့ Undergraduate Program (First Year)၊ Business and Management Batch-14 အတန်းမှာ တက်ရောက် နေတာဖြစ်ပါတယ်။ ဒီဘာသာရပ်ကို ကိုယ်တိုင်စိတ်ဝင်စားတာပါ။ IGCSE မှာကတည်းက ကျွန်တော် Accounting၊ Business၊ Eco တို့ဘာသာရပ်တွေဆို အရမ်းလည်းစိတ်ဝင်စားတဲ့အတွက် IGCSE ပြီးတော့ Business ကိုပဲ ဆက်လေ့လာမယ်ဆိုပြီး ရွေးချယ်ခဲ့တာ ပါ။ ကျောင်းရွေးတာတော့ ကိုယ်တိုင်ပဲရှိသမျှ ကျောင်းအကုန်လိုက်စုံစမ်းခဲ့ပါတယ်။

Strategy First မှာကြိုက်တာက Service၊ Facility နဲ့ စည်းကမ်းပိုင်း အတော်လေးကောင်းတဲ့အပြင် ကျောင်း activity တွေအနေနဲ့ ဘောလုံးပွဲတို့၊ ခရီးထွက်တာတို့၊ လေ့လာရေးသွားတာရှိတော့ ကျောင်းတက်ရတာပို ပျော်ဖို့ကောင်းတယ်။ ကျောင်းခွဲတွေလည်းများတယ်။ နောက်သူနဲ့ချိတ်ထားတဲ့ နိုင်ငံခြားကျောင်းတွေဆို အတော်လေး Ranking ကောင်းတယ်။ အခုကျွန်တော်တက်နေတဲ့ Oxford Brookes University ဆိုအတော်လေး World Ranking အတော်လေး ကောင်းတာကြောင့် အခုလိုတက်ရာက်ဖြစ်သွားတာပါ။ နောက်ဆုံးတစ်ချက်ကတော့ Strategy First မှာ တက္ကသိုလ်ဝင်တန်းအောင်လို့ ဂုဏ်ထူးတွေရမယ်ဆိုရင် scholarship အစီအစဉ်တွေလည်းရှိတော့ မိဘတွေအတွက်လည်း ခံသာတာပေါ့။

ကျောင်းပြီးရင်လည်း မိဘလုပ်ငန်းတွေလည်းရှိတဲ့အတွက် ကျွန်တော်ကလည်း ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ မှန်းထားပါတယ်။ နောက်ကျွန်တော်ဝါသနာပါတဲ့ ဂီတနဲ့ပတ်သက်တာလည်း ဆက်လုပ်ချင်ပါတယ်။ နောက်ဆုံးနှစ်ကတော့ UK မှာပဲတက်ဖြစ်မလား၊ ဒီမှာပဲဆက်တက်ဖြစ်မလား မိဘတွေနဲ့တိုင်ပင်ရမှာပါ။