ကျော်ထက်သူ

ကျွန်တော့နာမည်ကတော့ ကျော်ထက်သူပါ။ Oxford Brookes University ,UK မှ BA (Hons) Business and Management Pathway Programme ဒုတိယနှစ် မှာတက်နေပါတယ်။ အသက်ကတော့ ၂၁ နှစ်ပါ။
Strategy First မှာတက်ဖြစ်တာ အဓိကတော့ Business Theory တွေကို နားလည်ချင်တာကြောင့်ပါ။ လက်တွေ့ရတဲ့ ပညာရပ်လည်းရှိသလို သီအိုရီက ရတဲ့ ပညာရပ်တွေလည်းရှိရမှာ ဒီနောက်ပိုင်း လက်တွေ့တစ်ခုတည်းနဲ့ အလုပ်မဖြစ်သလို သီအိုရီကြီးပဲသိနေလို့ လည်း အောင်မြင်တဲ့စီးပွားရေးတစ်ခုအဖြစ်လုပ်ကိုင်ဖို့က မလွယ်ကူတဲ့အတွက် သင်တန်းတက်ဖြစ်တာပါ။
ဒီမှာကျောင်းလာတက်တော့ စီးပွားရေးအမြင်လေးတွေကို သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင် ပင်လို့ရလာတယ်၊ ဝိုင်းဝန်းဆွေးနွေးနိုင်တယ်၊ ဆက်စပ်မှုမရှိတောင် သူတို့ပြောတဲ့အချက်တွေထဲမှာ ကျွန်တော် လုပ်ချင်တဲ့အလုပ်မှာတွေးစရာတွေရတယ်၊ ကိုယ်ကစီးပွားရေးစိတ်ဝင်စားတော့ သီအိုရီတွေသင်ကြားရပါတယ်။ ကျွန်တော်ကတော့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တာပေါ့။ အဲဒီအတွက်လည်း ဒီနှစ်ပိုင်းမှာ စာကိုပဲပိုအာရုံစိုက် နေတယ်၊ Master ဆက်တက်ပြီးရင် ၂၃ လောက်မှာပြီးနိုင်မယ်။ပြီးရင် မိသားစုစီးပွားရေးဝင်လုပ်မယ်။ ၂၈ မတိုင်ခင် အထိလုပ်ပြီး အဲနောက်မှာ နိုင်ငံခြားလုပ်ငန်းတွေနဲ့ JV ချိတ်ပြီး ရာဘာနဲ့ဆက်စပ်တဲ့ လုပ်ငန်းမျိုးစက်ရုံထောင်ပြီး လုပ်ချင်ပါတယ်။ အချိန်ကတော့ တန်ဖိုးရှိတော့ အားချိန်တွေမှာလည်း စာတွေပုံမှန်ဖတ်ဖြစ်ပါတယ်။