စိုင်းရွက်ခေး
Strategy First မှာကြိုက်တာက Service၊ Facility နဲ့ စည်းကမ်းပိုင်း အတော်လေးကောင်းတဲ့အပြင် ကျောင်း activityတွေ အနေနဲ ဘောလုံးပွဲတို့၊ ခရီးထွက်တာတို့၊ လေ့လာရေး သွားတာရှိတော့ ကျောင်းတက်ရတာ ပိုပျော်ဖို့ကောင်းတယ်
မြတ်ဟိန်းကျော်
Business ကိုရော IT ကိုရော စိတ်ဝင်စားတာ ကြောင့်လည်းပါပါတယ်။ ကျောင်းတက်ဖို့ အတွက် အကုန်လုံးလိုက်စုံစမ်းခဲ့ပေမယ့် Strategy First က ကျွန်တော်နဲ့ အဆင်အပြေဆုံးဖြစ်တာကြောင့် တက်ဖြစ်သွားတာပါ။
ဧရာမျိုးသန့်
ကျွန်တော်က ၁၀တန်းမှာ ၄ဘာသာဂုဏ်ထူး ရခဲ့တဲ့အတွက် ဒီကနေ HND Civil Engineering တက်တဲ့အခါမှာ Scholarship အနေနဲ့ သင်တန်းကြေး ကင်းလွတ်ခွင့် တွေလည်း ရတော့ မိဘတွေ အတွက်လည်း တော်တော်လေး အဆင်ပြေပါတယ်။
လင်းထက်အောင်
အရင်က နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် အခုတော့ ဒီမှာပဲ Bachelor's Degree ကို တက်ဖို့ ဆုံးဖြတ်ပြီးတော့ Master's မှပဲ နိုင်ငံခြားမှာ သွားတက်ဖို့ စဉ်းစားထားပါတယ်။ Strategy First မှာတက်ရတာ စိတ်ကျေနပ်မှု ရပါတယ်။
သက်နှင်းဆု
IT တင်မဟုတ်ပဲ စီးပွားရေးပိုင်းမှာ နားလည်သွားတော့ IT နဲ့ဆက်စပ်တဲ့ e-commerce လိုလုပ်ငန်းမျိုး သွားမလား၊ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားတဲ့ IT ပိုင်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းမျိုးလုပ်မလား လုပ်ကိုင်ခွင့်တွေ ပိုများသွားတယ်။
သီဟထက်ဇော်
ဆရာတွေရဲ့ သင်ကြားပေးတဲ့ ပုံစံကော၊ Facility အပိုင်းကော ၊ဝန်ဆောင်မှု တွေကလည်း အကုန်လုံး ပြီးပြည့်စုံတယ်။ သွားလာရ လွယ်ကူသလို Scholarship တွေကလည်းရှိတယ်၊ ဆရာတွေကလည်း လေးစားဖွယ်ကောင်းတဲ့ အတွက် ဒီမှာကျောင်းတက်ရတာ အတော်လည်း အဆင်ပြေပါတယ်။
သဒ္ဓါသက်နိုင်
Strategy First မှာမတက်ခင် ကျောင်းတက်ဖို့ အတော်များများ စုံစမ်းဖြစ်တယ်၊ Expectation တွေလည်း များခဲ့တယ်။ အဲဒီမျှော်မှန်းချက်တွေ ထက်တောင် ပိုရတယ်လို့ထင်ပါတယ်။ ကျောင်းရဲ့သင်ကြားမှုကတော့ ဘာမှပြောစရာမလိုသလို Service ကလည်း နံမည်ကြီးပြီးသားပါ။ အဓိကတော့ ကျောင်းဘက်က အားလုံးပြည့်စုံအောင် ဖြည့်ဆည်းပေးထားတာမို့ ကျောင်းသား၊သူတွေရဲ့ ကြိုးစားမှုပဲလိုပါတယ်။
ကျော်ထက်သူ
Strategy First မှာတက်ဖြစ်တာ အဓိကတော့ Business Theory တွေကို နားလည်ချင်တာကြောင့်ပါ။ လက်တွေ့ရတဲ့ ပညာရပ်လည်းရှိသလို သီအိုရီက ရတဲ့ ပညာရပ်တွေလည်းရှိရမှာ ဒီနောက်ပိုင်း လက်တွေ့တစ်ခုတည်းနဲ့ အလုပ်မဖြစ်သလို သီအိုရီကြီးပဲသိနေလို့ လည်း အောင်မြင်တဲ့စီးပွားရေးတစ်ခုအဖြစ်လုပ်ကိုင်ဖို့က မလွယ်ကူတဲ့အတွက် သင်တန်းတက်ဖြစ်တာပါ။
ဧကရီကျော်
Oxford Brookes University ,UK မှ BA (Hons) Business and Management Pathway Programme ပထမနှစ် ပြီးသွားလို့ ဒုတိယနှစ် ရောက်ပါပြီ။ အသက်ကတော့ ၂၁ နှစ်ပါ။ ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်တာကြောင့် တက်ဖြစ်တာပါ။ ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိပါတယ်။
ဉာဏ်ရည်စိုးမိုး
အိမ်ကလည်း IT ကြီးပဲ သီးသန့်မယူစေချင်တော့ ဒီမှာ BIT က ကျွန်တော့အတွက် အတော်လေး ဟန်ကျသွားလို့ တက်ဖြစ်တာပါ။ ဒီမှာတက်ရတာ ကျွန်တော် မျှော်မှန်းတာ ထက်တောင် ပိုပြီး ပြန်ရရှိတယ် လို့ပြောချင်ပါတယ်။