Image Alt

Author: SFU

  /  Articles posted by SFU (Page 2)

အခြားကျောင်းတွေထက်စာရင် စည်းကမ်းပိုင်းကပိုကောင်းတယ်။ ပြီးတော့ သွားရလာရတာလည်း အဆင်ပြေတယ်။ ဘဝရည်မှန်းချက်က အစကတော့ ပိုင်းလော့ ဖြစ်ချင်တာ နောက်ပိုင်းကျတော့ IT ပိုင်းကိုစိတ်ဝင်စားလာပြီး အခု ရည်မှန်းတာက Software Engineer ဖြစ်ဖို့ပါ။

ဆယ်တန်းဖြေဆိုအောင်မြင်ခဲ့တာကတော့ အ.ထ.က(၂)ကမာရွတ်ကျောင်းကနေ ဇီဝဗေဒဘာသာရပ်ကို ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။ ယခုလက်ရှိ Strategy First University မှာ Business Management ဘာသာရပ် Batch 14 မှာတက်ရောက်နေပါတယ်။

ကျောင်းပြီးချိန်မှာလည်း Strategy First ကကျောင်းသားတွေ အလုပ်ကိုင်လည်း အဆင်ပြေတာသိရပြန်တော့ ကိုယ်လည်းတက်ရတာ ပိုအားရှိတယ်။ အဓိကတော့ ချိတ်တဲ့ကျောင်းတွေရဲ့ Ranking တွေကောင်းတာတွေ ပါမယ်ထင်တယ်။

၁၀တန်း အောင်တုန်းကလည်း ဂုဏ်ထူးရတာလေးတွေလည်း ရှိတော့ အဲအတွက်လည်း Scholarship လည်းပေးထားတယ် ဆိုတော့ ကြိုးစားမယ်ဆိုရင် ကိုယ့်အတွက်လည်း အခွင့်အရေးတွေရှိသလို ကျောင်းစရိတ်ထောက်ကတဲ့ မိဘတွေအတွက်လည်း အများကြီး အထောက်ကူပြုပါတယ်။

ဆရာမတွေ ဆရာတွေ စာသင်ပေးတာ ကိုလည်း အရမ်းသဘောကျပါတယ်။ အတန်းထဲမှာလည်း နွေးနွေးထွေးထွေး ရှိတယ်၊အဲဒါကိုလည်း သဘောကျပါတယ်။ ဒီအတန်း ပြီးသွားရင်လည်း ဆက်တက်ဖို့ ရှိပါတယ်။