ကျောင်းခေါ်ချိန်
ကျောင်းသား/သူများသည် စာသင်ချိန် ကာလများအတွင်း လစဉ်အနည်းဆုံး ကျောင်းခေါ်ချိန် ၈၀% ပြည့်မီအောင် တက်ရောက်ရပါမည်။ ကျောင်းခေါ်ချိန် ၈၀% မပြည့်ပါက Assessment များ ပြုလုပ်ခွင့်ရမည် မဟုတ်သောကြောင့် ဘာသာရပ်တစ်ခု၏ အတန်းချိန် (၂၀) တွင် အများဆုံး (၄) ကြိမ်သာ ပျက်ခွင့်ရှိမည်ဖြစ်သည်။ဘာသာရပ်တစ်ခုတွင် အတန်းချိန်(၂) ချိန်အထက်ပျက်ပါက ကျောင်းစည်းကမ်း ထိန်းသိမ်းရေး ဌာနသို့ လာရောက်တွေ့ဆုံရမည်ဖြစ်သည်။ဘာသာရပ်တစ်ခုတွင် အတန်းချိန် (၃) ကြိမ်နှင့်အထက် ပျက်ကွက်ပါက မိဘ/အုပ်ထိန်းသူ ကိုယ်တိုင်လာရောက်တွေ့ဆုံပြီး သတိပေးချက်ကို သိရှိကြောင်း လက်မှတ်ထိုးရမည်ဖြစ်သည်။
အတန်းတက်ရောက်ခြင်း
- ♦ အတန်းလာချိန်တိုင်း Strategy First ကျောင်းသားကတ် ယူဆောင်လာရမည်ဖြစ်သည်။ ကျောင်းသားကတ်ကို အတန်းစချိန်တွင် သက်ဆိုင်ရာ အတန်းတာဝန်ခံများထံသို့ ပေးထား ရမည်ဖြစ်ပြီး စာသင်ချိန်ပြီးဆုံးမှသာ ပြန်ပေးမည်ဖြစ်သည်။
- ♦ ကျောင်းသားကတ် မေ့လာပါက ဒဏ်ကြေး (၂၀၀၀) ပေးဆောင်ရပါမည်။
- ♦ ကျောင်းသားကတ်သုံးကြိမ်နှင့်အထက်မေ့လာပါက သတိပေးစာရမည်ဖြစ်သည်။
- ♦ တနလာၤနေ့နှင့် သောကြာနေ့တွင် သတ်မှတ်ထားသော ကျောင်းဝတ်စုံများကို သတ်မှတ် ချက်နှင့် ကိုက်ညီစွာ ဝတ်ဆင်ရမည်ဖြစ်သည်။
- ♦ အဂါၤနေ့နှင့်ကြာသပတေးနေ့များတွင် ကျောင်းသင်္ကေတများ ကျောင်းနှင့်သက်ဆိုင်သော အဝတ်အစားများ ဝတ်ခွင့်ပြုသည်။
- ♦ ဗုဒ္ဓဟူးနေ့တွင် မိမိကြိုက်နှစ်သက်ရာ အဝတ်အစားကို ဝတ်ဆင်နိုင်သည်(စာသင်ခန်းနှင့် ကိုက်ညီသော အဝတ်အစားများကိုသာ ဝတ်ဆင်ရမည်။)
- ♦ သတ်မှတ်ထားသောရက်များအတိုင်း ကျောင်းဝတ်စုံကို ဝတ်ဆင်ရမည်။ မဝတ်ဆင်ပါက သတ်မှတ်ထားသော ဒဏ်ကြေး (၂,၀၀၀) ကျပ် ပေးဆောင်ရမည်ဖြစ်သည်။
- ♦ စာသင်ချိန်များအား ကြိုတင်ခွင့်တိုင်ကြားခြင်းမရှိဘဲ ဆယ့်ငါးမိနစ်ထက်ပို၍နောက်ကျခြင်း များကိုလုံးဝခွင့်ပြုမည်မဟုတ်ပါ။ အတန်းစချိန်တစ်နာရီကျော်မှ ရောက်ရှိပါက ကျောင်း ခေါ် ချိန်တစ်ဝက် (၅၀%) သာ ရမည်ဖြစ်သည်။
- ♦ စာသင်နေချိန်အတွင်း သင်ကြားမှု အနှောင့်အယှက်မဖြစ်စေရန်အတွက် အတန်းချိန် ၁၅ မိနစ်ထက်ကျော်ပြီးမှဝင်လာခြင်း၊ နားချိန် (၁၅) မိနစ် သတ်မှတ်ထားသောအချိန်ထက် နောက်ကျဝင်ခြင်းများ ပြုလုပ်ပါက နောက်ကျသည့် မိနစ်များအတိုင်း တစ်မိနစ်ကို (၁၀၀) ကျပ် ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။
- ♦ စာသင်ချိန်ခဏနားချိန်အတွင်း ကျောင်းပရဝုဏ်အပြင်သို့ လုံးဝထွက်ခွင့်မပြုပါ။ စည်းကမ်း မလိုက်နာပါက ကျောင်း (၆) လ နားရမည်ဖြစ်သည်။
- ♦ စာသင်နေချိန်အတွင်း သင်ကြားမှု အနှောင့်အယှက်မဖြစ်စေရန် ဖုန်းများကို သတ်မှတ်ထား သောနေရာတွင် ထားရမည်။ မိဘများအနေဖြင့် အရေးကြီးကိစ္စများရှိပါက ကျောင်းဖုန်း (၀၉ ၂၅၀၇၁၇၁၆၆ ~ ၆၈ , ၀၉ ၄၅၀၁၇၇၇၇၁) များမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
- ♦ စာသင်ချိန်တွင် သင်ကြားမှု အနှောင့်အယှက်ဖြစ်စေသော အချင်းချင်းစကားများခြင်းပြု လုပ်ပါက အတန်းရှေ့ Stage ပေါ်ရှိ အထူးခုံများတွင် ထိုင်ရမည်ဖြစ်သည်။
- ♦ ကျောင်းစာသင်ခန်းများအတွင်းသို့ အပြင်လူခေါ်ခွင့်မပြုပါ။
- ♦ ဆရာ၊ဆရာမများ၊ဝန်ထမ်းများနှင့် ကျောင်းသားအချင်းချင်း အပြန်အလှန် ရိုသေလေးစားမှု ရှိရမည်။
Assessmment ပြုလုပ်ခြင်း (Business and Management, Business IT, Civil Engineering)
- Assignment များကို သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ်ထားသည့် ရက်များတွင် ညနေ ၆နာရီနောက်ဆုံးထားပြီးသတ်မှတ်ထားသော စာရွက်စာတမ်းများနှင့်တကွ ပြည့်စုံ စွာတင်ရမည်။
- Formative Assignment သတ်မှတ်ထားသည့်ရက်တွင် တင်ရန်ပျက်ကွက်ပါက ဒဏ်ကြေး (၂၀၀၀၀) ဖြင့် သုံးရက်အတွင်း ပြန်လည်တင်ခွင့် ရှိပါသည်။
- ထပ်တိုးပေးထားသည့်ရက်အထိ Assignment လာမထပ်ပါက Summative Assignment လုံးဝစစ်ဆေးပေးမည်မဟုတ်ပါ။ စာမေးပွဲအကျဟု သတ်မှတ်မည်ဖြစ်သည်။
- Formative Assignment များကို ပြည့်စုံစွာ ဖြေဆိုထားခြင်းမရှိသည်ကို စစ်ဆေး တွေ့ ရှိရ ပါက ထို Assignment ကို စာရင်းမှပယ်မည်ဖြစ်သည်။
- Assignment နှင့်ပတ်သက်ပြီး ဆရာများမှ ဆွေးနွေးရှင်းပြပေးခြင်း၊ လိုအပ်သည်များပြန် ပြောခြင်းပြုလုပ်ပေးသည့် ရက်များတွင် သတ်မှတ်ပေးထားသော ရက်/အချိန်များ အတိုင်း ကြိုတင်ခွင့်တိုင်ကြားခြင်းမရှိဘဲ လာရောက်မတွေ့ဆုံပါက တစ်ရက်နောက်ကျ လျှင် ဒဏ် ကြေး (၁၀၀၀၀) ကျပ်ပေးဆောင်ပြီးမှသာ လာရောက်တွေ့ဆုံရမည်ဖြစ်သည်။
- Assignment တင်ရာတွင် turnitin တူညီမှု (Plagiarism) ၃၀% နှင့်အထက် ကျော်လွန် ခြင်းမရှိစေရပါ။ Turnitin.com (Business IT – turnitinuk.com) တွင် တူညီမှုစစ်ပြီး သော Assignment များကိုသာ တင်ရမည်ဖြစ်သည်။ သတ်မှတ်ထားသည့်ရက်တွင် % မပေါ်ပါက Processing ဖြစ်ကြောင်းကို မှတ်ချက်ရေးထားရမည်ဖြစ်သည်။
- Turnitin.com တွင်တင်ထားသော Assignment မဟုတ်ပါက ထိုAssignment ကိုပယ် မည် ဖြစ်သည်။ စာမေးပွဲ ကျသည်ဟု သတ်မှတ်မည်ဖြစ်သည်။
- Summative Assignment သတ်မှတ်ထားသောရက်ထက် ကျော်လွန်သော Assignment များကိုလက်ခံမည်မဟုတ်ပါ။
- Turnitin တူညီမှု ၃၀ % ထက်ကျော်ခြင်း ၊ Assignment ကိုယ်စားရေးခိုင်းခြင်း စသည့် Academic Misconduct ကျူးလွန်ပါက ပထမအကြိမ် စာဖြင့်သတိပေးခြင်း ဒုတိယ အကြိမ်တွင် ကျောင်းမှထုတ်ပယ်သည်အထိ အရေးယူသွားမည်ဖြစ်သည်။
- Assignment များနှင့်ပတ်သက်ပြီး သူတစ်ပါးရေးခိုင်းခြင်း၊ မရိုးသားသော နည်းလမ်းများ အသုံးပြုထားသည်ဟု သံသယရှိပါက ခေါ်ယူစစ်ဆေးမည်ဖြစ်ပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကျောင်းမှချက်ချင်းထုတ်သည်အထိ ထိရောက်စွာအရေးယူမည် ဖြစ်သည်။
မှတ်ချက်
- Assignment ပြန်လည်တင်ရာတွင် turnitin.com account ပြန်လည်မဖွင့်ရပါ။ အသစ် ပြန်ဖွင့်ပါက Plagiarism % တက်သွားနိုင်သောကြောင့် မူလအကောင့်တွင် resubmit ပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။
- ကျောင်းသင်ခန်းစာများ၊ Assignment မေးခွန်းများနှင့်ပတ်သက်ပြီး နားမလည်ပါက Academic Department သို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်းဖြင့်ဖြစ်စေ (၀၉-၂၆၁၄၆၄၀၈၆) သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်သည်။
Assessmment
Business & Management
- ကျောင်းခေါ်ချိန် ၈၀ % မပြည့်ပါက Assessment များ ပြုလုပ်ခွင့် ရမည်မဟုတ်ပါ။ ကျောင်းခေါ်ချိန် မပြည့်သဖြင့် တင်ခွင့်မရခဲ့ပါက တင်ခွင့်မရသော ဘာသာရပ်အတွက် သင်တန်းကြေး (၂)သိန်းသွင်းပြီး ထိုဘာသာရပ် ရှိသည့်အချိန်တွင် အတန်းပြန်လည် တက်ရောက်ပြီးမှသာ Assessment ပြုလုပ်ခွင့်ရမည်ဖြစ်သည်။
- ကျောင်းသားများသည် Assessment မပြုလုပ်နိုင်သည့် ခိုင်လုံသောအကြောင်းပြချက် (သို့) အရေးပေါ်အခြေအနေများရှိပါက (၇)ရက်အတွင်း ဆေးခွင့် (သို့) သက်သေ အထောက်အထားများနှင့် တင်ပြလျှောက်ထားရမည်။ သတ်မှတ်ရက်ထက် ကျော်လွန်ပါ က စာမေးပွဲဖြေရန်ပျက်ကွက်သည်ဟု သတ်မှတ်မည်ဖြစ် သည်။
- Assessment များကို အကြောင်းပြချက်မရှိ တင်ရန်ပျက်ကွက်ခဲ့သောကြောင့် ပြန်လည် ပြုလုပ်ရပါက ဒဏ်ကြေး (၅) သောင်းကျပ် ပေးသွင်းပြီးမှ Assessment ပြန်လည်ပြုလုပ် ခွင့်ရမည်ဖြစ်သည်။
- Assessment ပြုလုပ်ရာတွင် ပထမအကြိမ်ကျလျှင် ဖြေထားသော မေးခွန်းဟောင်းကို အကျ/အရှုံး အဖြေထွက်ပြီး တစ်လအတွင်း ပြန်လည်တင်ရမည်ဖြစ်သည်။
- Assessment များမတင်ဘဲ ပျက်ကွက်ခဲ့လျှင်ဖြစ်စေ၊ ကျခဲ့လျှင်ဖြစ်စေ Assessment ပြန် လည် ပြုလုပ်ရပါက အောင်စာရင်းထွက်သည့်အခါ ရလဒ်သည် မည်သည့်အဆင့်ဖြင့် အောင်မြင်သည်ဖြစ်စေ Pass အဖြစ်သာ သတ်မှတ်မည်ဖြစ်သည်။
- Assessment ပြန်လည်ပြုလုပ်သည့် ဘာသာရပ်ထပ်ကျလျှင် ထိုဘာသာရပ်ရှိသည့် အချိန် တွင် သင်တန်းကြေး (၂)သိန်း ပြန်လည်သွင်းပြီး အတန်းအစအဆုံး တက်ရောက်ပြီးမှသာ Reunit (or) Remodule ပြန်လုပ်ခွင့်ရှိမည် ဖြစ်သည်။
- Reunit (or) Remodule ပြုလုပ်ပြီး စာမေးပွဲကျပါက သင်တန်း ဆက်လက်တက်ရောက် ခွင့်ရတော့မည် မဟုတ်ပါ။
(အများဆုံးစာမေးပွဲကျဆုံးခွင့်ရှိသည့် အကြိမ်အရေအတွက်မှာ နှစ်ကြိမ်သာဖြစ်သည်)
Business Information Technology
- ကျောင်းခေါ်ချိန် ၈၀ % မပြည့်ပါက Assessment များ ပြုလုပ်ခွင့် ရမည်မဟုတ်ပါ။ ကျောင်းခေါ်ချိန် မပြည့်သဖြင့် တင်ခွင့်မရခဲ့ပါက တင်ခွင့်မရသော ဘာသာရပ်အတွက် သင်တန်းကြေး ၂ သိန်းသွင်းပြီး ထိုဘာသာရပ် ရှိသည့်အချိန်တွင် အတန်းပြန်လည်တက် ရောက်ပြီးမှသာ Assessment ပြုလုပ်ခွင့် ရမည်ဖြစ်သည်။
- စာမေးပွဲဖြေရမည့်ဘာသာရပ်များဖြစ်ပါက စာမေးပွဲဖြေခွင့် စာရွက်ထုတ်ပေးမည်မဟုတ် ပါ။
- ကျောင်းသားများသည် Assessment မပြုလုပ်နိုင်သည့် ခိုင်လုံသော အကြောင်းပြချက် (သို့) အရေးပေါ် အခြေအနေများရှိပါက (၇)ရက်အတွင်း ဆေးခွင့် (သို့) သက်သေ အထောက်အထားများနှင့် တင်ပြလျှောက်ထားရမည်။ သတ်မှတ်ရက်ထက်ကျော်လွန်ပါက စာမေးပွဲဖြေရန်ပျက်ကွက်သည်ဟု သတ်မှတ်မည်ဖြစ်သည်။
- Assessment ပြုလုပ်ရန် အကြောင်းပြချက်မရှိဘဲ ပျက်ကွက်ခဲ့သူများသည် NCC UK ဘက်မှ သတ်မှတ်ထားသောကာလများတွင် Resit Fees နှင့် ဒဏ်ကြေး (၅)သောင်းကျပ် သွင်းပြီး ပြန်လည်ဖြေဆိုနိုင်သည်။
Civil Engineering
- ကျောင်းခေါ်ချိန် ၈၀ % မပြည့်ပါက Assessment များ ပြုလုပ်ခွင့်ရမည် မဟုတ်ပါ။ ကျောင်းခေါ်ချိန် မပြည့်သဖြင့် တင်ခွင့်မရခဲ့ပါက တင်ခွင့်မရသော ဘာသာရပ်အတွက် သင်တန်းကြေး ၂ သိန်းသွင်းပြီး ထိုဘာသာရပ် ရှိသည့်အချိန်တွင် အတန်းပြန်လည်တက် ရောက်ပြီးမှသာ Assessment ပြုလုပ်ခွင့်ရမည်ဖြစ်သည်။
- ကျောင်းသားများသည် Assessment မပြုလုပ်နိုင်သည့် ခိုင်လုံသော အကြောင်းပြချက် (သို့) အရေးပေါ်အခြေအနေများ ရှိပါက (၇)ရက်အတွင်း ဆေးခွင့် (သို့) သက်သေ အထောက်အထားများနှင့် တင်ပြလျှောက်ထားရမည်။ သတ်မှတ်ရက်ထက်ကျော်လွန်ပါက စာမေးပွဲဖြေရန်ပျက်ကွက်သည်ဟု သတ်မှတ်မည်ဖြစ်သည်။
- Assessment ပြုလုပ်ရန် အကြောင်းပြချက်မရှိဘဲ ပျက်ကွက်ခဲ့သူများသည် ဒဏ်ကြေး (၅)သောင်းကျပ်သွင်းပြီး ပြန်လည်ဖြေဆိုနိုင်သည်။
ပထမနှစ်သို့တက်ရောက်ခြင်း (HNC in Business,NCC Level-4 Diploma in Business နှင့် Civil Engineering)
- Foundation စာမေးပွဲတွင် (၂) ဘာသာနှင့်အောက် မအောင်မြင်ခဲ့ပါက ပထမနှစ်သို့ တက် ရောက်ခွင့်ရမည်ဖြစ်သော်လည်း မအောင်မြင်သော ဘာသာရပ်များကို တစ်လ အတွင်း ပြန်လည်ဖြေဆိုရမည်ဖြစ်သည်။
- Foundation စာမေးပွဲတွင် (၃) ဘာသာနှင့်အထက် မအောင်မြင်ပါက Foundation သင်တန်းကြေး ပြန်လည်ပေးသွင်းပြီး ကျသည့်ဘာသာရပ်များကို ဖြေဆိုအောင်မြင်မှသာ ပထမနှစ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
ဒုတိယနှစ်သို့ တက်ရောက်ခြင်း (Higher National Diploma in Business)
ဒုတိယနှစ် Higher National Diploma in Business သို့တက်ရောက်ရန် ပထမနှစ် Higher National Certificate in Business တွင် အနည်းဆုံး ဘာသာရပ် ခြောက်ခုနှင့် အထက် အောင်မြင်ပြီးမှသာ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
NCC Level 5 Diploma in Business IT
- ဒုတိယနှစ် NCC Level 5 Diploma in Business IT သို့ တက်ရောက်ရန် ပထမနှစ် NCC Level 4 Diploma in Business IT တွင် အနည်းဆုံးဘာသာရပ် ခြောက်ခုနှင့်အထက် အောင်မြင်ပြီးမှသာ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
- ပထမနှစ်ပြီးလျှင် ကျောင်းမှစစ်သော IELTS 5.5 ရရှိထားမှသာ NCC Level 5 Diploma in Business IT ကို တက်ရောက်ခွင့်ပြုမည် ဖြစ်သည်။
Higher National Diploma in Civil Engineering
ဒုတိယနှစ် Higher National Diploma in Civil Engineering သို့တက်ရောက်ရန် ပထမနှစ် Higher National Diploma in Civil Engineering တွင် အနည်းဆုံးဘာသာရပ် ၁၂ ဘာသာနှင့်အထက် အောင်မြင်ပြီးမှသာ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
Moodle System အသုံးပြုခြင်း
Strategy First မှ နိုင်ငံတကာတက္ကသိုလ်များတွင် အသုံးပြုနေကြသော Moodle System ကို Assessment နှင့် ပတ်သက်သည့် (Assignment တင်ခြင်း (Formative/ Summative) တင်ခြင်း ဆရာဆရာမများမှ Feedback ပြန်ပေးခြင်း၊ Assignment တင်ရမည့် Deadline များကို အသိပေးခြင်း) များကို Moodle System(moodle.strategyfirst.edu.mm) ကို ကျင့်သုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများအတွက် gmail account တစ်ခုမဖြစ်မနေ လိုအပ်ပါသည်။
ကျောင်းသူ ကျောင်းသူ၊ကျောင်းသားများ မဖြစ်မနေလိုက်နာသိရှိရမည့်အချက်များမှာ
- ၁။ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် emailမှဖြစ်စေ၊ အတန်းတာဝန်ခံများမှတစ်ဆင့်ဖြစ် စေ Assignmentများ တင်ခြင်းလုံးဝမပြုလုပ်ရပါ။
- ၂။ Assignment Deadline များနှင့် အသေးစိတ်အချက်အလက်များကို သိရှိရန်အတွက် moodle. strategyfirst.edu.mm တွင် အမြဲဝင်ရောက်စစ်ဆေးရမည် (moodle ကိုစစ်ဆေးခြင်းမပြုပဲ Assignment များတင်ရန်နောက်ကျခြင်းများကြောင့် စာမေးပွဲကျခြင်း ၊ Grade မကောင်းခြင်း၊ ဒဏ်ကြေးများပေးဆောင်ရခြင်းဖြစ်ပေါ်လာပါက ကျောင်းသား၏ တာဝန်သာ ဖြစ်သည်)
- ၃။ Moodle အသုံးပြုခြင်းနှင့်ပတ်သက်ပြီး မရှင်းလင်းပါက မိမိတို့သက်ဆိုင်ရာ အတန်း တာဝန်ခံများနှင့် ဆရာများထံမေးမြန်းနိုင်သည်။
- ၄။ Moodle System နှင့်ပတ်သက်ပြီး error တစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်မှီ ကျောင်းမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ itsupport@mystrategyfirst.com သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
- ၅။ Assignment များ တင်နေဆဲ ကာလဖြစ်ပါကသတ်မှတ်ထားသော Assignment တင်ရမည့် နောက်ဆုံးရက်မရောက်မှီ မိမိတို့အတန်းတာဝန်ခံများထံ(သို့) ဆရာများထံသို့ မဖြစ်မနေကြိုတင် အကြောင်းကြားအသိပေးရမည်။
- ၆။ မိမိတို့ Moodle Account Error ဖြစ်နေခြင်းကိုတာဝန်ရှိသူများထံ အကြောင်းမကြားသော ကြောင့် သတ်မှတ်ထားသော Assignment Deadline များကျော်ပြီး Assignment များ မတင်လိုက်ရပါက ကျောင်းသား၏ တာဝန်သာဖြစ်သည်။
- ၁။ ပထမဦးစွာ မိမိတို့၏ gmail အကောင့်တွင် Strategy First မှ ပို့ပေးထားသည့် Moodle Account ၏ username နှင့် Password (moodle.strategyfirst.edu.mm) Link မှ တစ်ဆင့် ဝင်ရမည်ဖြစ်သည်။ moodle application ကို IOS နှင့် Android များအတွက် App Storeနှင့် Play Storeများတွင် Downloadရယူပြီး အသုံးပြုနိုင်ပါသည်။
- ၂။ email တွင်ပို့ထားသော username နှင့် password ကိုအသုံးပြုပြီး Password အသစ်ပြန်ပြောင်းအသုံးပြုရမည်ဖြစ်သည်။(စာလုံးအကြီး၊ စာလုံးအသေး၊ နံပါတ်၊ သင်္ကေတ အနည်းဆုံး တစ်လုံးစီပါဝင်ပြီး စာလုံးရေအနည်းဆုံး ၈ လုံးရှိရမည်- ဥပမာ- Ug1234567)
- ၃။ Moodle ရှိ My Course ထဲတွင် မိမိတို့ လက်ရှိသင်ကြားနေသော ဘာသာရပ်များ ရှိမည် ဖြစ်သည်(လက်ရှိမိမိတို့သင်ကြားနေသောဘာသာရပ်များမပါဝင်ပါကသက်ဆိုင်ရာ အတန်း တာဝန်ခ ံများကို အချိန်မှီအကြောင်းကြားရမည်။)
- ၄။ Dashboard တွင် မိမိတို့သင်ကြားနေသော ဘာသာရပ်များနှင့် သက်ဆိုင်သည့် အချက် အလက်များကို ဝင်ရာက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
- ၅။ Calendar ထဲတွင် မိမိတို့အတန်းများမှ Assignment Deadline များကိုကြည့်ရှုနိုင်မည် ဖြစ်သည်။
- ၆။ Assignment တင်ရာတွင် မိမိတို့သက်ဆိုင်ရာအတန်းများ၏ turnitin Link တွင် သတ်မှတ် ထားသောရက်များအတိုင်းတင်ရမည်ဖြစ်သည်။
- ၇။ turnitin link သို့ဝင်ပြီးသွားလျှင် Assignment တင်ရန်အတွက် my submission သို့သွားပြီး Assignment Title တွင် Name/Student ID/Assignment Title ကို ထည့်ပေး ရမည်ဖြစ်သည်။
- ၈။ မိမိတင်လိုသော File ကို Box အတွင်းထည့်ပေးပြီး Add Submission ကို click ပြီး conitue နှိပ်ပြီးလ ျှင် Assignment များ တင်ပြီးသွားမည်ဖြစ်သည်။