မဧကရီကျော်

BA (Hons) Business and Management, Oxford Brookes University
Founder (Dalae)
အစ်မက ဧကရီကျော်ဖြစ်ပါတယ်။ အစ်မက Strategy First University မှာ BA (Hons) Business and Management, Oxford Brookes University ဘွဲ့ကိုယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အစ်မရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ ဓလေ့ကို Founder အနေနဲ့လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဓလေ့ကို စလုပ်ဖြစ်တာကတော့ Strategy First University မှာ Second Year ရောက်နေတဲ့အခါမှာ Strategy First ကနေပြီးတော့ Business Plan ပြိုင်ပွဲလေးလုပ်တယ်။ အဲအချိန်မှာ အစ်မက ဝင်ပြိုင်ဖြစ်ပြီး ဂျူနီယာ Level မှာ ပထမဆုရရင်းနဲ့ ရရှိတဲ့ဆုတွေကနေစပြီးတော့ ဓလေ့ကို စတည်ထောင်ဖြစ်တာ ဖြစ်ပါတယ်။ အခု ဓလေ့ကို ဆက်လက်လုပ်ကိုင်နေပြီးတော့ Retail ပိုင်းလေးလည်း သွားတယ်။ အဲဒါကနေမှ ခွဲပြီးတော့ The Burmese Way ဆိုပြီးတော့မှ Local Brand လေးထုတ်တဲ့ Myanmar Local Clothing Brand လေးလည်း ထပ်ပြီးတော့ တည်ထောင်ထားပါတယ်။ Second Year မှာ ကိုယ်ပိုင်လုပ်ငန်းလေးကို စလုပ်ဖြစ်တာဆိုတော့ ကျောင်းမှာသင်ခဲ့သမျှ စာတွေအားလုံးက ကျောင်းပြီးသွားတော့မှ အသုံးချရတာမျိုးမဟုတ်ပဲနဲ့ ကျောင်းမှာ တစ်ခုခုသင်ခဲ့ရပြီဆိုရင် အစ်မလုပ်ငန်းမှာ အခက်ခဲဖြစ်နေတာတွေ ဆရာမတွေနဲ့ တန်းပြီးတော့ Discuss လုပ်နိုင်တယ်။ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့လုပ်တဲ့အတွက်ကြောင့် တစ်ခါတည်း အသုံးချရင်းနဲ့ အလုပ်ကိုလုပ်သွားလို့ ရတာပေါ့နော်။ အဲဒါကြောင့်မို့ အရမ်းကို အဆင်ပြေတယ်။ ကျောင်းတက်ရင်း အလုပ်လုပ်တဲ့အခါ အစ်မအတွက်ကောင်းတဲ့အချက်တွေကတော့ ကျောင်းမှာစာတွေလုပ် ပြီးလို့ရှိရင် အတန်းထဲက သူငယ်ချင်းတွေကို စာတွေပြန်သင်ပေးတယ်ပေါ့နော်။ အဲဒါက အစ်မအတွက် စာမလုပ် ပဲနဲ့ကျောင်းစာတွေလည်း ရသွားတယ်။ အဲဒါအပြင် ကိုယ်ပိုင်အလုပ်မှာ Team Work နဲ့ ဘယ်လို အလုပ်လုပ်ရလဲ၊ Supplier တွေနဲ့ ဘယ်လိုအလုပ်လုပ်ရလဲ။ ပြီးရင်လူတွေကို ဘယ်လို Manage လုပ်ရလဲ အဲဒါတွေကို တဖြည်းဖြည်း အသုံးချသွားနိုင်တာဖြစ်ပါတယ်။ အစ်မရဲ့ Future Plan ကတော့ ဓလေ့မှာ Myanmar Local Branding တွေကို Online ရော၊ Offline ပါရောင်းချနိုင်တဲ့ ပလက်ဖောင်းတစ်ခုအနေနဲ့ လုပ်သွားချင်ပါတယ်။ အဲဒါအပြင် The Burmese Way မှာကတော့ ယောင်္ကျားလေးရော၊ မိန်းကလေးရောဝတ်တဲ့ Local Band လေးကို ကောင်းကောင်းမွန်မွန်လေးနဲ့ အောင်အောင်မြင်မြင် ဆက်ပြီးတော့လုပ်သွားချင်ပါတယ်။ မောင်လေးတွေ၊ ညီမလေးတွေ ကို အကြံပေးချင်တာကတော့ ကျောင်းတက်နေရင်းနဲ့ စာကို စာမေးပွဲအောင်သွားဖို့ လုပ်တဲ့အပြင် ကိုယ့်အနာဂတ် မှာ အသုံးချနိုင်အောင် တစိုက်မတ်မတ်လေးသင်ယူဖို့ အကြံပေးချင်တယ်။ အဲဒါအပြင် အတန်းတက်နေတဲ့သူငယ်ချင်း တွေနဲ့ ရန်ဖြစ်မဲ့၊ စိတ်ကောက်မဲ့အစား သူတို့ရဲ့ Connecting လေးတွေကိုသေချာယူပါ။ လက်တွေ့ဘ၀မှာ ဝန်ထမ်းအလုပ်လုပ်မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်လုပ်မှာပဲဖြစ်ဖြစ် သူငယ်ချင်းတွေက အဆက်သွယ်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်လို့ အကြံပေးချင်ပါတယ်ရှင့်။